မိုးနဲ မတ် ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် မိုးနဲမြို့နယ်၊ ကွန်နားကျေးရွာအုပ်စု၊ လွယ်လင်းကျေးရွာတွင် ဈေးကွက်ဝင်ကော်ဖီစိုက်ပျိုးထုတ်လုပ်နိုင်စေရန်နှင့် ကော်ဖီစိုက်ဧရိယာများ တိုးတက်လာစေရန်အတွက် ကော်ဖီမျိုးဖြန့်ဝေခြင်း၊ ကော်ဖီပျိုးထောင်စိုက်ပျိုးနည်းစနစ်များပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က အဆိုပါကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်မင်းထွေးနှင့် ဝန်ထမ်းများက ကျေးရွာနေ တောင်သူ ဦးလုံးပီးနေအိမ်တွင် ကော်ဖီပျိုးထောင်ခြင်းအဖြစ် လျား ပေ ၂၀ အနံသုံးပေး ကို မြေဆွေးဖြင့် ဘောင်စနစ်ဖြင့် လက်တွေ့သရုပ်ပြ ပျိုးထောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
အလားတူ တောင်သူ ဦးစိုင်းစိတ္တ နေအိမ်တွင်လည်း ဆောင်ရွက်ပေးခဲ့ကြောင်း ယနေ့တွင် ကော်ဖီမျိုးစေ့ နှစ်ကီလိုကို လာမည့်စိုက်ပျိုးရာသီတွင် စိုက်ပျိုးနိုင်ရေးအတွက် ကော်ဖီမျိုးစေ့ အခမဲ့ဖြန့်ဝေခြင်းနှင့် ပျိုးထောင်စိုက်ပျိုးနည်းများကို တောင်သူပညာပေးအဖြစ် ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မျိုးညွန့်ရွှေ(မိုးနဲ)