ပင်းတယမြို့နယ်၌ မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့်လုပ်ငန်း လုပ်ကိုင်နေသူများအား  တာဝန်ရှိသူများမှ နယ်လှည့်ကွင်းဆင်း ကြည့်ရှု

ပင်းတယ မတ် ၁၇

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်တွင် မိသားစုဝင်ငွေတိုးစီမံကိန်းဖြင့် တစ်ပိုင်တစ်နိုင်စီးပွားရေးလုပ်ငန်း ထူ‌ထောင်လုပ်ကိုင်နေကြသူများအား မတ်လ ၁၆ ရက်နေ့တွင် တာဝန်ရှိသူများက နည်လှည့်ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် နေပြည်တော် ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်နုနုဝင်းမှဦးဆောင်၍ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ဒေသဦးစီးမှူးဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူများလိုက်ပါ၍ ၂၀၂၃ -၂၀၂၄၊ ၂၀၂၄-၂၀၂၅၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်များတွင် ဝင်ငွေတိုးစီမံကိန်းလုပ်ငန်းများဖြင့် ပင်းတယမြို့နယ်အတွင်းရှိ ကျုံးစံပြကျေးရွာ၊ ကျားကုန်းစံပြကျေးရွာ၊ ဝါတရာကျေးရွာနှင့် ရှောက်ပင်ကျေးရွာများသို့ သွားရောက်ကာ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)