ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအခြေအနေများအား လိုက်လံကြည့်ရှုအားပေး

တာလေ မတ် ၁၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာနတွင်၂၀၂၅-၂၀၂၆ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေမှုအခြေအနေများအား ယနေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့်အဖွဲ့သည် လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ 

ထိုသို့ဆောင်ရွက်ရာတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် အခြေခံပညာအထက်တန်းကျောင်း(တာလေ)စာစစ်ဌာန၌   ကျောင်းသား/ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် ယာဉ်များနှင့်စက်သံများဆူညံမှုမရှိစေရေး‌စီစဉ်ဆောင်ရွက်ထားမှု၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်များ မဖြစ်ပွားစေရေး၊ အခြားကျန်းမာရေးနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ထားရှိမှုနှင့်  စာဖြေဆောင်အလိုက် ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကိုလှည့်လည်ကြည့်ရှုခဲ့ကြောင်းနှင့် တာလေမြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဇီဝဗေဒဘာသာရပ်နှင့် ဘောဂဗေဒဘာသာရပ်ကို ကျောင်းတွင်း ဖြေဆိုသူ ကျောင်းသား (၉) ဦး၊ ကျောင်းသူ (၁၄) ဦး၊ ပြင်ပဖြေဆိုသူ ကျောင်းသား (၂)ဦး၊ ကျောင်းသူ (၂) ဦး၊ စုစုပေါင်း ကျောင်းသား/ကျောင်းသူ (၂၇)ဦးဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသား/ကျောင်းသူမရှိကြောင်းကျောင်းသား၊ကျောင်းသူများစိတ်အေးချမ်းသာစွာနှင့် လုံခြုံအေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းမှတာဝန်ရှိသူများနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲဝင်များက တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

ရဲထက်ဦး(ပြန်/ဆက်)