မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့်‌ ‌ဆောင်ရွက်သော ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုးနဲ မတ် ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့်‌‌ ဆောင်ရွက်သော ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်းနှင့် ဌာနအစီအစဉ်ဖြင့် စိုက်ပျိုးထားသော စိုက်ခင်များ အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး မကြာမီရိတ်သိမ်းရတော့မည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ်တွင် မဲခေါင်-လန်ချန်းအစီအစဉ်ဖြင့် ပဲပုပ်မျိုးစေ့ထုတ်စိုက်ခင်း ၆ ဧက၊ ဌာနအစီအစဉ်ဖြင့် ဧက ၂၀ စိုက်ပျိုးထားရှိပြီး ပဲပုပ်စိုက်ပျိုးရာသီတွင် တောင်သူများ စိုက်ပျိုးဧကအပါအဝင် စုစုပေါင်း ပဲပုပ်စိုက်ဧက ၂၁၆၄ ဧက စိုက်ပျိုးထားရှိပြီး ၁၃၄ ဧက မှာရိတ်သိမ်းပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရာသီအတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သောနည်းပညာ၊ သွင်းအားစု၊ ပိုးမွှားကင်းစင်ရေး တောင်သူအသိပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မျိုးညွန့်ရွှေ(မိုးနဲ)