ကော့ကရိတ် မတ် ၁၇
၂၀၂၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်အတာဖြင့် အမြို့မြို့ အနယ်နယ်၌ ကျင်းပဆောင်ရွက်လျက်ရှိရာ ကော့ကရိတ်မြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်းစာစစ်ဌာနတွင်လည်း မတ် ၁၆ရက်နံနက်ပိုင်းက ရူပဗေဒဖြေဆိုသူ ကျောင်းသား/ကျောင်းသူ (၁၃၂)ဦး နှင့် သမိုင်းဘာသာရပ်ဖြေဆိုသူ (၅ )ဦး၊စုစုပေါင်း (၁၃၇)ဦးဝင်ရောက်ဖြေဆိုကြသည်။
ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆိုပြီးချိန်တွင် ခရိုင်/မြို့နယ်လမ်းဦးစီးဌာန အလှူရှင်များမှ ဖြေဆိုကျောင်းသား/ကျောင်းသူများအား အချိုရည်များ ဝေငှပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)