လိပ်သို မတ် ၁၇
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြှင့်တင်ရေးအနေဖြင့် ယနေ့နံနက် ၉ နာရီက လိပ်သိုမြို့ အမှတ် (၁) ရပ်ကွက်သို့ သွားရောက်၍ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဒေသနေပြည်သူများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးချစေရန်၊ စာပေနှင့် ရင်းနှီးမှုရှိစေရန် သုတစာအုပ်များ၊ ဝတ္တု၊ မဂ္ဂဇင်းစာအုပ်များနှင့် ကလေးများအတွက် ပုံပြင်၊ ရုပ်ပြ စာအုပ်များ စုံလင်စွာသယ်ဆောင်၍ Mobile စနစ်ဖြင့် စာအုပ်များ ငှားရမ်းခဲ့ရာ တစ်ပတ်ပြည့်လျှင် စာအုပ်စာစောင်အသစ်များဖြင့် အစားထိုးငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။
နော်ဖလောရင်း