သန်လျင် မတ် ၁၁
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးပြည့်စုံထွန်းဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များသည် သန်လျင်မြို့နယ်အတွင်းရှိ စာစစ်ဌာနဖြစ်သော အ.ထ.က(၂) ပတ်ဝန်းကျင်၊ မြို့မစျေးကြီးပတ်ဝန်းကျင်နှင့် လမ်းဆုံလမ်းခွများ၌ မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် လှည့်လည်အသိပေးနှိုးဆော်ခြင်းကို ယမန်နေ့ညနေပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် ဒေသခံပြည်သူများအနေဖြင့် အသုံးပြုလျက်ရှိသည့် လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ဂက်စ်အိုးများ အသုံးပြုရာ၌ဖြစ်စေ၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်မီး၊ ထင်း၊ မီးသွေးများ အသုံးပြုရာ၌ဖြစ်စေ ပေါ့ဆစွာမသုံးဘဲ စနစ်တကျသုံးကြရန်နှင့် မီးကြွင်းမီးကျန်များမရှိစေရေး ရေဖြင့် သေချာစွာငြှိမ်းသတ်သွားကြရန်၊ အရေးပေါ်မီးငြှိမ်းသတ်ရေး ပစ္စည်းများ(သဲပုံး၊ ရေပုံး၊ ခိုင်ခံ့သော မီးချိတ်မီးကတ်၊ လှေကား) ထားရှိကြရန်၊ စက်ရုံအလုပ်ရုံများတွင် အရေးပေါ်သုံး မီးငြှိမ်းသတ်ဆေးဘူးများ ထားရှိကြရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့ အချိန်မီဆက်သွယ်၍ အကူအညီတောင်းခံနိုင်ကြောင်း လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)