ရွှေပြည်သာ မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့၊ လူထုအခြေပြုဗဟိုဌာန၊ (Community Centre) ၌ ယနေ့နံနက် ၉ နာရီအချိန်က နွေရာသီပန်းချီအခြေခံသင်တန်း (အခမဲ့) အား ဖွင့်လှစ်သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ် မေမွန်ထွဋ်က ပန်းချီအခြေခံသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားရာတွင်နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ ပန်းချီပညာအား အခြေခံမှစ၍ စနစ်တကျတတ်စေရန် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ် ကြောင်းပြောကြားပြီး၊ သင်တန်းနည်းပြဆရာချိုပန်းချီ (ပညာရေး) က သင်ကြားပေးမည့် သင်ခန်းစာများအကြောင်းနှင့် သင်တန်းတွင် လိုက်နာရမည့် စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီသင်တန်းအား သင်တန်းနည်းပြဆရာက သင်ကြားပေးခဲ့ပြီး သင်တန်းကာလမှာ မတ်လ ၁၆ ရက်မှ စ၍ (တနင်္လာနေ့မှ သောကြာနေ့ထိ) တစ်ပတ်လျှင် ၅ ရက်ဖြင့် သင်တန်းကာလ ၂ ပတ်ထိ အခမဲ့စာတွေ့လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ပြီး သင်တန်းသားသင်တန်းသူ ၁၇ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)