တိုက်ကြီး မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း၌ လေထုညစ်ညမ်းမှုမဖြစ်ပွားစေရေးအတွက် တောင်ယာမီး၊ တောမီးရှို့ခြင်း၊ ကောက်ရိုးပြတ်မီးရှို့ခြင်း၊ အမှိုက်သရိုက်များမီးရှို့ခြင်းများ မပြုလုပ်ရေးနှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံအသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက အဖျောက်မြို့ရှိ ရပ်ကွက်၊ ကျေးရွာအုပ်စုများတွင် ဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် အဖျောက်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မင်းထွေး ဦးဆောင်၍ အဖျောက်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ အဖျောက်နယ်မြေမီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးအောင်ခန့်ကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ တောင်ယာမီး၊ တောမီးရှို့ခြင်း၊ ကောက်ရိုးပြတ်မီးရှို့ခြင်း၊ အမှိုက်သရိုက်များမီးရှို့ခြင်းများကြောင့် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု ဖြစ်ပွားစေနိုင်ပြီး သဘာဝပတ်ဝန်းကျင်နှင့် လူသားများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သဖြင့် အထက်ပါလုပ်ငန်းစဉ်များ ရှောင်ကြဉ်ရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)