ကမာရွတ်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ရန်ကုန် မတ် ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်အတွင်းသို့ အကြမ်းဖက်ဖြစ်စဉ်များကြောင့် ပြောင်း‌ရွှေ့ရောက်ရှိလာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ကမာရွတ်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် မြို့နယ်‌ထောက်ပံ့ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြင့်သူနှင့် အဖွဲ့၀င်များ၊ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ရပ်ကွက်များအလိုက် ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ထိုသို့ပေးအပ်ရာတွင် တစ်ဦးလျှင် ငွေကျပ်(၂၀၀၀၀/-)နှုန်းဖြင့် (၃)လစာ ငွေကျပ်(၆၀၀၀၀/-)ကို တာ၀န်ရှိသူများက ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

စိမ်းလဲ့ (ပြန်/ဆက်)