တနိုင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ G-12 ကျောင်းသား / ကျောင်းသူများ ရူပဗေဒ ဘာသာရပ်နှင့်သမိုင်းဘာသာရပ်ဖြေဆို

တနိုင်း မတ်လ ၁၆

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် Grade- 12 ကျောင်းသား/ ကျောင်း သူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က-၁ တနိုင်းစာစစ်ဌာနနှင့် အ.ထ.က-ရှင်ဗွေယန်စာစစ်ဌာန၌ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ဖြေဆိုကြောင်း သိရသည်။

ရူဗဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ဖြေဆိုရာတွင် အ.ထ.က-၁ တနိုင်းစာစစ်ဌာန၌ ရူပဗေဒဘာသာရပ်အတွင်း၊ ပြင်ပဖြေဆိုသူ ၃၇၆ ဦးနှင့် သမိုင်းဘာသာရပ်အတွင်း၊ ပြင်ပဖြေဆိုသူ ၈၄ ဦး၊ အ.ထ.က-ရှင်ဗွေယန် စာစစ်ဌာန၌ ရူပ​ဗေဒဘာသာရပ် အတွင်း၊ ပြင်ပ ဖြေဆိုသူ ၅၆ ဦးနှင့် သမိုင်းဘာသာရပ်အတွင်း၊ ပြင်ပဖြေဆိုသူ ၉၁ ဦး စိတ်ချမ်းမြေ့စွာဖြေဆိုကြောင်း သိရသည်။

အဆိုပါ ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုရာ၌ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ မြို့နယ်ရဲမှုးမြသောင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီး အကဲများနှင့် တာဝန်ရှိသူများ၊မီးသတ်တပ်ဖွဲ့ဝင်များ၊ဆရာ/ဆရာမများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များနှင့် မြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်များပူးပေါင်းပြီး အတွင်းစည်း၊ အပြင်စည်းများ လုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)