ခရမ်းမြို့နယ်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပ

ခရမ်း မတ် ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တပ်မတော်နေ့အထိမ်းအမှတ် ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆပ်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရမ်းမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ပုံဆွဲဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပခဲ့ရာ ကျောင်းသား/သူ (၁၅) ဦးက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်‌‌ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်နှင်းဝေ