ညောင်ဦး မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲအားမတ်လ ၁၆ ရက်၊နံနက် ၉ နာရီကစတင်၍ သမိုင်းဘာသာရပ်နှင့် ရူပဗေဒဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိသည်။
ညောင်ဦးမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန်အတွက် အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)၊အခြေခံပညာအထက်တန်းကျောင်း(ပုဂံ) စာဖြေဌာန ဖွင့်လှစ်၍ ဖြေဆိုလျက်ရှိပြီး ကျောင်းသား(၄၄၀)ဦး၊ ကျောင်းသူ(၅၄၆)ဦး စုစုပေါင်း(၉၈၆) ဦးဖြေဆိုလျက်ရှိကြောင်း သိရသည်။
စာမေးပွဲဖြေဆိုနေစဉ်အတွင်း ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များ အနီးကပ်ကြီးကြပ်၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ကျန်းမာ ရေးဌနမှဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊မီးသတ်တပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှတာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြကြောင်း သိရသည်။
ဒီပါလင်း