ညောင်ဦးမြို့ ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ်နှင့်ဒုတိယနှစ်သင်တန်း (ပထမနှစ်ဝက်) အရည်အချင်းစစ်စာမေးပွဲဖြေဆို

ညောင်ဦး မတ် ၁၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ယွန်းပညာကောလိပ် (ပုဂံ)တွင် ၂၀၂၅-၂၀၂၆ ပသာသင်နှစ်၊ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း အရည်အချင်းစစ် စာမေးပွဲအား မတ် ၁၆ ရက် နံနက် ၉ နာရီကစတင်၍ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ယွန်းအတတ်ပညာ ဒီပလိုမာ(၂)နှစ်သင်တန်း ပထမနှစ်နှင့် ဒုတိယနှစ်သင်တန်း(ပထမနှစ်ဝက်)ပညာသင်ကာလ အရည်အချင်းစစ် စာမေးပွဲဖြေဆို ကျင်းပလျက်ရှိရာ ပထမနှစ်(၃၉)ဦး၊ ဒုတိယနှစ် (၁၉)ဦး ဖြေဆိုလျက်ရှိကြောင်း သိရသည်။

အဆိုပါ ယွန်းပညာကောလိပ်(ပုဂံ)သို့ ယွန်းကောလိပ် ကျောင်းသား၊ ကျောင်းသူများစိတ် အေးချမ်းသာစွာဖြေဆိုလျက်ရှိနေမှုတို့အား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ကော်မတီဝင်များ၊ ယွန်းကောလိပ်ကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာမြင့်၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် မြို့နယ်ကော်မတီဝင်များမှ ယွန်းကောလိပ် ကျောင်းသား၊ ကျောင်းသူများ အရည်အချင်းစစ်စာမေးပွဲဖြေဆိုနေမှုတို့အား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ စာမေးပွဲအား မတ် ၁၆ ရက်မှ မတ် ၂၆ ရက်နေ့ထိ ဖြေဆိုသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း