တနိုင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန ခန်းမ၌ အခြေခံပန်းချီပညာသင်တန်းဖွင့်လှစ်

တနိုင်း  မတ်လ ၁၆

တနိုင်းမြို့နယ်၌ အခြေခံပန်းချီပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း၁၀ နာရီကမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ကျင်းပပြုလုပ်သည်။

မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဌ ရဲမှူး မြသောင်းမှ အဖွင့်အမှာစကားရာ ကျောင်းသား၊ ကျောင်းသူများသင်တန်းကို နေ့စဥ်တက်ရောက်ကြရန်၊ ပန်းချီသင်တန်းဆရာ၏ စကားကိုနာခံရန်၊ အခြေခံပန်းချီပညာကိုစိတ်ဝင်စားစွာဖြင့် သင်ယူရန်၊ ပန်းချီပညာတက်မြောက်သွားပါက မိမိစိတ်ကူးဖြင့်ပုံဖော်ပြီးပန်းချီရေးဆွဲတက်ကြောင်းမှာကြားသည်။

ယင်းနောက် ဒုမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဇင်မင်းထက်မှ အခြေခံပန်းချီပညာ သင်တန်းဖွင့် လှစ်နိုင်ရေးဆောင်ရွက်မှုများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဝါဦးမှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြရာနွေရာသီကျောင်းပိတ်ရက်ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတက်စေရန်၊ စာကြည့်တိုက်တွင် အခြေခံပန်းချီပညာ သင်တန်းတက် ရောက်ခြင်းဖြင့် စာအုပ်စာပေနှင့်ချစ်ခင်ရင်နှီးမှုရပြီး စာအုပ်များဖတ်ချင်းဖြင့် မိမိအတွက်အကျိုးကျေးဇူးများစွာရရှိကြောင်း၊ စာအုပ်စာစောင်များသည် မိမိတို့အတွက်ရတနာတစ်ခု ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လက်ထောက်မှုပြ ဆရာဦးကောင်းထက်လွင်မှ သင်တန်းသူကျောင်းသား၊ ကျောင်း သူများအား အခြေခံပန်းချီပညာရေးဆွဲခြင်းနှင့်ပက်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားပြီးကို အခြေခံပန်းချီသင်တန်း တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌရဲမှူး မြသောင်းမှ ထောက်ပံငွေ ၁ သိန်းကျပ် ထောက်ပံ့သွားကြောင်းသိရသည်။

အဆိုပါ သင်တန်းကို ကျောင်းသား / ကျောင်းသူ ဦးရေ (၂၀)ဦးအား တက်ရောက်ကြပြီး သင်တန်း ကာလမှာ မတ်လ ၁၆ရက်နေ့မှ ဧပြီလ ၂၃ရက်နေ့ အထိ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)