ရပ်‌စောက်၌ လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်

ရပ်စောက် မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် လူငယ်များဖွံ့ဖြိုးတိုးတက်စေရန်အတွက် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက လူထုအခြေပြုဗဟိုဌာန၌ (Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဦးစွာ အသိပညာ‌ပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ယုယုအောင်က လူငယ်များဖွံ့ဖြိုးတိုးတက်စေရန် လူငယ်ရေးရာဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ပညာရေးမှူး (ငြိမ်း) ဆရာ ဦးသောင်းညွှန့်နှင့် မြို့နယ်ဦးစီးမှူးတို့က လူငယ်ရေးရာဆိုင်ရာ အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို အပြန်အလှန်ဆွေး‌နွေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)