နောင်ချိုမြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများအား အချိုရည်နှင့် မုန့်များ ပေးဝေ

နောင်ချို မတ် ၁၆

၂၀၂၆ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင်စာမေးပွဲကို အမြို့မြို့အနယ်နယ်တွင် ကျင်းပလျက်ရှိရာ နောင်ချိုမြို့နယ်အနေဖြင့် ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို အမှတ်(၁)အခြေခံပညာအထက်တန်း‌ကျောင်းစာစစ်ဌာန၌ ကျောင်းသား၊ ကျောင်းသူ ၂၈၈ ဦး ဆက်လက်ဖြေဆိုခဲ့ရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲ စတင်ကျင်းပသည့်နေ့မှစ၍ စာမေးပွဲဖြေဆိုသည့်နေရက်တိုင်းတွင် ဖြေဆိုပြီးစီးချိန်၌ ကျောင်းသား၊ ကျောင်းသူများအား စိတ်ဓာတ်ခွန်အား မြှင့်တင်ပေးသည့်အနေဖြင့် အချိုရည်နှင့် မုန့်များကို အလှူရှင်များက ပေးဝေခဲ့ကြသည်။ ယနေ့အလှူရှင်အဖြစ်  မြို့နယ်ယာဥ်ထိန်းတပ်ဖွဲ့မှ လှူဒါန်းပေးခြင်းဖြစ်ကာ ဆက်လက်ဖြေဆိုမည့် ဘာသာရပ်များအလိုက် နေ့ရက်များတွင်လည်း အလှူရှင်များက လှူဒါန်းပေးဝေနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)