မိုင်းရှူးမြို့၌ လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုနှင့် မျိုးဆက်ပွားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းရှူး မတ် ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ယနေ့နံနက် (၁၀)နာရီက လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်းမှုနှင့် မျိုးဆက်ပွားဆိုင်ရာ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး စောဝင်းက လူကုန်ကူးမှု၊ အကြမ်းဖက်မှု၊ မုဒိမ်းမှုဆိုင်ရာနှင့် ပြစ်ဒဏ်များအကြောင်း၊ ကျန်းမာရေးဌာန ဆရာမဒေါ်ဘီနူးက မျိုးဆက်ပွားဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်သီတာလှိုင်က အမျိုးသမီးများ၏အခွင့်အရေးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး ဒေါ်ခင်လေးလေးယုက ကလေးသူငယ်အခွင့်အရေးများ စသည့် အသိပညာပေးများဟောပြောပြီး  တက်ရောက်လာကြသော အမျိုးသမီးရေးရာအဖွဲ့နှင့် မိဘပြည်သူများက မူးယစ်ဆေးဝါးအန္တရာယ်၊ လူကုန်ကူးမှုအန္တရာယ်တားဆီးကာကွယ်ရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံများအား ကြည့်ရူလေ့လာခဲ့ကြကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)