မလှိုင် မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပဉ္စမနေ့ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစတင်၍ စာစစ်ဌာန (၅)ခုတို့တွင် အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြရာတွင် မလှိုင်မြို့နယ်၌ စာစစ်ဌာန(၅)ခုဖြစ်သည့် အ.ထ.က (မလှိုင်)စာစစ်ဌာန၊ အ.ထ.က (မြို့သစ်)စာစစ်ဌာန၊ အ.ထ.က(ပန်းအိုင်) စာစစ်ဌာန၊ အ.ထ.က(ဆည်တို) စာစစ်ဌာနနှင့် အ.ထ.က(နှောကန်)စာစစ်ဌာနတို့ဖြစ်သည်။အဆိုပါစာစစ်ဌာန (၅)ခုတို့၌ ပဉ္စမနေ့အဖြစ် ရူပဗေဒဘာသာရပ်ကို ဆက်လက်ဖြေဆိုကြရာ ဖြေဆိုရန်စာရင်း ပေးသွင်းထားသူ ကျား (၉၀၆)ဦး၊ မ(၁၄၂၄)ဦး စုစုပေါင်း(၂၃၃၀)ဦး စာရင်းသွင်းထားပြီး၊ ဝင်ရောက်ဖြေဆိုသူ ကျား(၈၉၂)ဦး၊ မ(၁၃၉၈)ဦး စုစုပေါင်း(၂၂၉၀)ဦး ရှိသည်။ ပျက်ကွက်သူကျောင်းသား (၁၄) ဦး၊ ကျောင်းသူ (၂၆)ဦး စုစုပေါင်း(၄၀) ဦးရှိကြောင်းနှင့် သမိုင်းဘာသာရပ်ကိုဖြေဆိုရန် စာရင်းပေးသွင်းထားသူ ကျား(၇)ဦး၊ မ(၈)ဦး စုစုပေါင်း (၁၅)ဦးရှိပြီး သမိုင်းဘာသာရပ်ကို (၁၅)ဦးလုံးဖြေဆိုကြပြီး ပျက်ကွက်မရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)