ပျော်ဘွယ် မတ် ၁၆
ပျော်ဘွယ်မြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခြင်း ဆက်လက်ကျင်းပလျက်ရှိရာ မတ်လ ၁၆ ရက် နံနက် ၉ နာရီကစတင်၍ သတ်မှတ်စာစစ်ဌာန ၉ ခု၌ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၁,၀၀၅ ဦးနှင့် ကျောင်းသူ ၁,၄၅၈ ဦး၊ စုစုပေါင်း ၂,၄၆၃ ဦးရှိပြီး ဖြေဆိုသူ ကျောင်းသား ၉၆၅ ဦးနှင့်ကျောင်းသူ ၁,၄၂၄ ဦး၊ စုစုပေါင်း ၂,၃၈၉ ဦးဖြေဆိုကာ ဖြေဆိုရန်ပျက်ကွက် ကျောင်းသား ၄၀ ဦးနှင့်ကျောင်းသူ ၃၄ ဦး၊ စုစုပေါင်း ၇၄ ဦးရှိကြောင်း၊ သမိုင်းဘာသာရပ်၌ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား ၁၁ ဦး၊ ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ၁၄ ဦး၊ ဖြေဆိုသူ ကျောင်းသား ၁၀ ဦး၊ ကျောင်းသူ ၃ ဦး၊ စုစုပေါင်း ၁၃ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံး စာရင်းအရသိရှိရသည်။
မြို့နယ်အတွင်း စာစစ်ဌာန ၉ ခု ဖြစ်သည့် အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း၌ စာဖြေဌာန ၂ ခု၊ အ.ထ.က(ယင်းတော်)၊ အ.ထ.က(ရန်အောင်)၊ အ.ထ.က(အရှေ့လျှော်ဖြူကုန်း)၊ အ.ထ.က-တောင်ညောင်ကုန်း(ပန်းစုံ)၊ အ.ထ.က(ရွှေညောင်ဖူး)၊ အ.ထ.က (ရွာသစ်အနောက်)၊ အ.ထ.က(မြောက်ညောင်ကုန်း)တို့၌ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် တာဝန်ရှိသူများပူးပေါင်း၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)