ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ ကျောင်းသား၊ ကျောင်းသူ ၂၅၂၂ ဦး ဝင်ရောက်ဖြေဆို

ကျောက်ပန်းတောင်း မတ် ၁၆

၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ပဥ္စမနေ့ဖြစ်သည့်၊ မတ်လ ၁၆ ရက်နေ့ နံနက် ၉ နာရီတွင်  ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်များကို မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူ ၂၄၇၀ ဦး၊ စက်မှုစိုက်မွေး အ.ထ.က(လက်ပံပျား)၌ ကျောင်းသား၊ ကျောင်းသူ ၅၂ ဦး စုစုပေါင်း ၂၅၂၂ ဦး အေးချမ်းစွာ ဝင်ရောက်ဖြေဆိုလျက်ရှိကြသည်။

တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်တွင် စာရင်းရှိ ကျား ၉၀၅ ဦး၊ မ ၁၅၇၆ ဦးရှိသည့်အနက်၊ ဖြေဆိုသူ ကျား ၈၆၅ ဦး၊ မ ၁၅၄၈ ဦး ပေါင်း ၂၄၁၃ ဦးရှိပြီး၊ ပျက်ကွက်သူ ၆၈ ဦးရှရာ၊ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒသမ ၂၆ ရာခိုင်နှုန်းရှိ၍  သမိုင်းဘာသာရပ်၌ စာရင်းရှိ  ကျား ၂၂  ဦး၊ မ ၃၆ ဦး ပေါင်း ၅၈ ဦး အနက်မှ ဖြေဆိုသူ ကျား ၂၂ ဦး၊ မ ၃၅ ဦး ပေါင်း ၅၇ ဦး ရှိသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၉၈ ဒသမ ၂၈ ရာခိုင်နှုန်း ရှိကြောင်းနှင့် လက်ပံပျား စက်မှုစိုက်မွေး အ.ထ.က ၌ ဘာသာရပ်အလိုက် ဖြေဆိုရန် ကျား ၃၂ ဦး၊ မ ၂၀ ဦး ပေါင်း ၅၂ ဦးစာရင်းရှိသည့်အနက်  ၅၂ ဦးလုံးဖြေဆိုကြသဖြင့် ဖြေဆိုမှုရာခိုင်နှုန်း ၁၀၀ ရာခိုင်နှုန်းရှိ၍ တစ်မြို့နယ်လုံးအနေဖြင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၅၂၂ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်၌ စာဖြေဌာန ၆ ခု ဖွင့်လှစ်ထားရှိပြီး၊ အဆိုပါစာဖြေဌာများတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များက အနီးကပ်ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များ၊ လုံခြုံရေး၊ ကျန်းမာရေးဝန်ထမ်းများက လိုအပ်သည့် လုံခြုံရေး စီမံ/အုပ်ချုပ်ရေးနှင့်ကျန်းမာရေးဆိုင်ရာကိစ္စရပ်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)