မြစ်သား မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပွင့်လင်းရာသီရောက်ပြီဖြစ်၍ ဌာနဆိုင်ရာရုံးများ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရေးနှင့် မီးဘေးလုံခြုံရေးအတွက် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်လက်တွေ့မီးငြှိမ်းသတ်ခြင်းကို မတ် ၁၄ ရက်နေ့ မွန်းလွဲပိုင်းက မင်းကုန်းရပ်ကွက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၌ ဆောင် ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ဆင်ထားရှိရမည့်အချက်များ၊ လျှပ်စစ်မီးများ အသုံးပြုရာတွင် သတိထားသင့်သည့်အချက်များ၊ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက မီးငြှိမ်းသတ်ခြင်းကို အလျင်အမြန်တုံ့ပြန် ဆောင်ရွက်နိုင်စေရန်နည်းလမ်းများနှင့် မီးသတ်ဆေးဘူး အသုံးပြုပုံအဆင့်ဆင့်တို့ကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်သန်းနှင့် ဝန်ထမ်းများအား အသိပညာပေးပြောကြားပြီး မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုများ လက်တွေ့သရုပ်ပြသခဲ့ကြောင်း သိရသည်။
ရဲနိုင်ဦး(မြစ်သား)