ရပ်စောက် မတ် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်တွင် ၂၀၂၆ ခုနှစ် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီခွဲက မြို့နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ချုပ်ရေးမှူး ဦးဝင်းရွှေက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးမြတ်သူက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး အားကစားသင်တန်းနည်းပြ ဆရာ၊ ဆရာမများကိုယ်စား နည်းပြဆရာ ဦးစိုင်းချင်းမောင်က သင်တန်းဆင်း ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ဆက်လက်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အားကစားသင်တန်းနည်းပြဆရာ၊ ဆရာမများနှင့် သင်တန်းသားများအား ဂုဏ်ပြုလက်ဆောင်၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ကာ သင်တန်းဆင်း သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း အားကစားအင်္ကျီနှင့် သင်တန်းဆင်းအာင်လက်မှတ်များ ပေးအပ်ခဲ့ကြသည်။ ၎င်းနောက် မြန်မာ့သိုင်းအားကစားသမားများနှင့် အေရိုးဗစ်အားကစားသမားများမှ သရုပ်ပြဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)