မိုင်းဆတ်မတ် ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ခရိုင်/မြို့နယ်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက် ၇ နာရီက မြို့နယ်ဘောလုံးကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဦးစွာ ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အမှာစကားပြောကြားပြီး သင်တန်းတွင် အားကစားနည်းများ သင်ကြားပြသပေးသော နည်းပြများအား ခရိုင်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ အတွင်းရေးမှူး ဒေါ်ခင်လပြည့်ဝင်း၊ မြို့နယ်အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့် အတွင်းရေးမှူး ဦးမြင့်တင်တို့က ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ကာ Fitness Dance သင်တန်းသူများ၏ ကပြမှုကို ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ နွေရာသီအခြေခံအားကစားသင်တွင် ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကာရာတေး၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ အေရိုးဗစ်နှင့် Fitness Dance စသည့် အားကစားနည်း (၁၀)မျိုးကို သင်ကြားပြသပေးရာ သင်တန်းသား၊ သင်တန်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)