မိုင်းယောင်းမြို့၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြော

မိုင်းယောင်း မတ် ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့နှင့်ပတ်သက်၍ အသိပညာပေးဟောပြောကို ယမန်နေ့တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။

ယင်းသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တောင်ယာ၊ တောတောင်များတွင် တောမီးရှို့ခြင်းများ မပြုလုပ်စေရေး၊ မီးခိုးမြူငွေ့ဖုံးလွှမ်းသည့်ကိစ္စရပ်များ မဖြစ်ပေါ်စေရေးအတွက် မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၄)က ကျန်းတောင်းကျေးရွာ၌လည်းကောင်း၊ မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၁၀)က တာပေါက်ကျေးရွာ၌လည်းကောင်း၊ မြို့နယ်ကွင်းဆင်းစိစစ်ရေးအဖွဲ့(၁၁)က ဝမ်ထန်ကျန့်ကျေးရွာ၌လည်းကောင်း လေထုညစ်ညမ်းမှုမဖြစ်ပေါ်စေရေး တားဆီးပညာပေးအကြောင်းကို ဟောပြောခဲ့ကြောင်း သိရသည်။

ထွန်းမြင့်လှိုင်(ပြန်/ဆက်)