မန္တလေး မတ် ၁၆
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့နံနက် ၆ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် IKAK Myanmar Mandalay Branch Kyokushin Karate သင်တန်းနှင့်ပူးပေါင်း၍ နွေရာသီ ကရာတေးသင်တန်း သရုပ်ပြလေ့ကျင့်ခဲ့သည်။
အဆိုပါ သရုပ်ပြလေ့ကျင့်ရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် သင်တန်းနည်းပြ ဆရာများဖြစ်သည့် ဆရာအောင်ခန့်၊ ဆရာရန်နောင်စိုး၊ ဆရာမျိုးမင်းသန့် နည်းပြသုံးဦးနှင့် သင်တန်းသား ၄၀ ဦးဖြင့် သရုပ်ပြလေ့ကျင့်ခဲ့ကြပြီး ယင်းသင်တန်းကို အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနေ့များတွင် နံနက် ၆ နာရီမှ ၇ နာရီအထိ လေ့ကျင့်သွားမည်ဖြစ်ပြီး နွေရာသီ ကရာတေးသင်တန်းကို တက်ရောက်လိုပါက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ စာရင်းလာရောက်ပေးသွင်းနိုင်ကြောင်း သိရသည်။
ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)