၂၀၂၅-၂၀၂၆ ပညာသင်နှစ် ချမ်းအေးသာစံမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် ဆက်လက်ဖြေဆို

ချမ်းအေးသာစံ မတ် ၁၆

၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မတ်လ ၁၁ ရက်နေ့ နံနက်ပိုင်းမှ စတင်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းက ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ်ကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ စာစစ်ဌာနငါးနေရာ၌ ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုခဲ့သည်။

ချမ်းအေးသာစံမြို့နယ်အတွင်း၌ အ.ထ.က(၅)၊ အ.ထ.က(၁၂)၊ အ.ထ.က(၁၄)၊ အ.ထ.က(၁၆)၊ ဆေးရုံကြီး စာစစ်ဌာနစုစုပေါင်း  ငါးခုသတ်မှတ်ထားပြီး တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ် ဝင်ရောက်ဖြေဆိုမည့် စာရင်းရှိကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂,၁၅၉ ဦး ရှိရာ လာရောက်ဖြေဆိုသူ စုစုပေါင်း ၂,၀၈၈ ဦး၊ ပျက်ကွက်ကျောင်းသား ၇၁ ဦး၊ သမိုင်းဘာသာရပ်စာရင်းရှိကျောင်းသား၊ ကျောင်းသူ ၁၆ ဦးရှိရာ ရာနှုန်းပြည့်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးထံမှ သိရသည်။

ချမ်းအေးသာစံမြို့နယ်အတွင်းရှိ ဆေးရုံကြီးစာစစ်ဌာန၌ အောင်မြေသာစံရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်အတွင်းရှိ ကျန်းမာ ရေးစောင့်ရှောက်မှုလိုအပ်သော တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသည့် ကျောင်းသား၊ ကျောင်းသူများအား ဆေးကုသပေးလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရန် စာဖြေဌာနကို တာဝန်ရှိသူများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းဦးဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက စာစစ်ဌာနပတ်ဝန်းကျင်များ၌ ဆူညံသံများမဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိခြင်း၊ ကျန်းမာရေး စောင့်ရှောက်မှုများပေးနိုင်ရေးစသည်တို့ကို ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)