မတ္တရာ မတ် ၁၅
၂ဝ၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဓါတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို အ.ထ.က(မတ္တရာ) စာစစ်ဌာန၌ မတ်လ ၁၄ရက်နေ့က အေးချမ်းစွာဖြေဆိုပြီးစီးကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကျင်းပရာနေရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ဌေးနှင့် တပ်မတော်အရာရှိကြီးများသည် ခရိုင်နှင့် မြို့နယ်မှ တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ မတ္တရာမြို့နယ်၌ ဓါတုဗေဒဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူ (၁၃၃)ဦးနှင့် ပထဝီဝင်ဘာသာရပ်တွင်(၄)ဦး စုစုပေါင်း (၁၃၇)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြသည်။ စာမေးပွဲဖြေဆိုသော ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီနှင့် အလှူရှင်များမှ အအေးနှင့် စားသောက်ဖွယ်ရာများ ဝေငှခဲ့ကြသည်။
ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲကိုအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မတ္တရာမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များ၊ ကျန်းမာရေး ဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဆရာ/ဆရာမများမှ လုံခြုံရေးတာဝန်များ ချထားဆောင်ရွက်လျက်ရှိပြီး ယာဉ်အန္တရာယ်ကင်းရှင်းရေးကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ရွှေရာသား