လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် အိမ်ချစ်မေစာပေတိုက်မှ ထုတ်ဝေသော “ဆယ်ယောက်တစ်ကျိပ်ရသဝတ္ထုတိုများစုစည်းမှု" စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပ

ဗဟန်း မတ် ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ လူထုအခြေပြုဗဟိုဌာန (ဗဟန်း) တွင် ယနေ့ နံနက် ၉နာရီအချိန်က အိမ်ချစ်မေစာပေတိုက်မှ ထုတ်ဝေသော "ဆယ်ယောက်တစ်ကျိပ်ရသဝတ္ထုတိုများစုစည်းမှု” စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားစာပေဆုရှင် စာရေးဆရာ အောင်သျှံဝိုင်း၊ အမျိုးသားစာပေဆုရှင် စာရေးဆရာမောင်ခြိမ့်၊ စာပေဗိမာန် စာပေဆုရှင် ဆရာသံလျင်မောင်မောင်ဦး၊ စာ‌ပေဗိမာန်စာ‌ပေဆုများရှင် ဆရာ‌မောင်သာနှင့် စာပေစိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။

ရှေ့ဦးစွာ စာပေဗိမာန်ဆုများရှင် ဆရာသံလျင်မောင်မောင်ဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က မုဒိတာစကားပြောကြားခဲ့သည်။ ဆက်လက်၍ အမျိုးသားစာပေဆုရှင် စာရေးဆရာ အောင်သျှံဝိုင်း၊ စာပေဗိမာန်စာပေဆုများရှင် ဆရာမောင်သာတို့က မုဒိတာစကားအသီးသီးပြောကြားခဲ့ကြသည်။ထို့နောက် “ဆယ်ယောက်တစ်ကျိပ်” ရသဝတ္ထုတိုများ စုစည်းမှုစာအုပ်တွင် ပါဝင်ရေးသားသော အမျိုးသားစာပေဆုရှင် ဆရာမောင်ခြိမ့်က စာအုပ်အား မိတ်ဆက်ရှင်းလင်းပြောကြားပြီး အိမ်ချစ်မေစာပေတိုက်မှ ထုတ်ဝေသူ ဆရာမ အိမ်ချစ်မေက ကျေးဇူးတင်စကားပြောကြားခဲ့ကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသကာ စာအုပ်မိတ်ဆက်ပွဲအခမ်းအနားသို့ ကြွရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)