လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန၌ မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်

လားရှိုး မတ် ၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့တွင် မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲများ ပြသဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းနေလှိုင်က မူလတန်းအဆင့် စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲများ ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် မူလတန်းအဆင့်စာဖတ်ရှိန်မြှင့်တင်‌ရေး ဆေးရောင်ခြယ်ပြိုင်ပွဲအား ကျင်းပခဲ့ရာ အ.ထ.က (ခွဲ)၊ အ.လ.က (၅) ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၉ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ထူးချွန်ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဒုတိယညွှန်ကြား‌ရေးမှူး ဦးဇော်ဌေးအောင်နှင့် တာဝန်ရှိသူများက ထူးချွန်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေးစာအုပ်စာစောင်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ဓာတ်ပုံပြပွဲအား ပြသခဲ့ရာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာဆရာမများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)