ဗိုလ်တထောင် မတ် ၁၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဓါတုဗေဒဘာသာရပ်ဖြေဆိုရန် စာရင်းရှိကျောင်းသား (၂၃၀၄) ဦး၊ ကျောင်းသူ(၁၆၄၉)ဦး၊ စုစုပေါင်း(၂၉၅၃)ဦးရှိသည့်အနက် ဗိုလ်တထောင်ခရိုင်အတွင်း လာရောက်ဖြေဆိုသူ ပေါင်းကျောင်းသား(၁၁၈၂)ဦး၊ ကျောင်းသူ(၁၅၆၉)ဦး၊ စုစုပေါင်း(၂၇၅၁)ဦး ဖြေဆိုလျက်ရှိပြီး ပျက်ကွက်ကျောင်းသား (၁၂၂)ဦး၊ ကျောင်းသူ (၈၀)ဦး စုစုပေါင်း (၂၀၂)ဦး ပျက်ကွက်ကြောင်း သိရသည်။
ဗိုလ်တထောင်ခရိုင်အတွင်းရှိ စာစစ်ဌာန(၈)ခုတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတုတ္ထနေ့ ပထဝီဝင်ဘာသာရပ်အား ဆက်လက်ဖြေဆိုလျက်ရှိရာ ဖြေဆိုရန်စာရင်းရှိ ကျောင်းသား(၁၄)ဦး၊ ကျောင်းသူ (၂၀)ဦး၊ စုစုပေါင်း(၃၄)ဦးရှိသည့်အနက် လာရောက်ဖြေဆိုသူ ကျောင်းသား(၁၀) ဦး ကျောင်းသူ(၁၆)ဦး၊ စုစုပေါင်း(၂၆)ဦးရှိကြောင်း သိရှိရပြီး ပျက်ကွက်ကျောင်းသား(၄)ဦး၊ ကျောင်းသူ (၄) ဦးစုစုပေါင်း (၈) ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့သည်။
ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာယာစွာ ဖြေဆိုနိုင်ရန် ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ ခင်သီတာငြိမ်းနှင့် တာဝန်ရှိသူများ၊ ဗိုလ်တထောင်ခရိုင်ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြီးကြပ်၍ မိမိမြိုနယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေကြသော ကျောင်းသား၊ ကျောင်းသူများ စိတ်တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်များတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက မိမိတို့မြို့နယ်အတွင်း သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ခင်ဝင်း (ပြန်/ဆက်)