တိုင်းဒေသကြီးဝန်ကြီးချုပ်သည် (၈၁) နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း (၁၄၀ပေ×၃၀ပေ) RCC သုံးထပ်ကျောင်းဆောင်သစ် ဖွင့်ပွဲအခမ်းအနားတက်ရောက်

ပုသိမ် မတ် ၁၄

(၈၁) နှစ်မြောက်တပ်မတော်နေ့ ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ပုသိမ်မြို့၊ အမှတ်(၉) အခြေခံပညာအထက်တန်းကျောင်း (၁၄၀ ပေ × ၃၀ ပေ) RCCသုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကကျင်းပခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချူပ်သည် ကျောင်းဆောင်သစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက် ကျောင်းဆောင်သစ်ဆောက်လုပ်သည့် ကုမ္ပဏီမှ ကျောင်းဆောင်သစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများအား လွဲပြောင်းပေးအပ်ခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ် ခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူး၍ ကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကာ ကျောင်းဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့၊ အမှတ်(၇)အခြေခံပညာ အထက် တန်းကျောင်းနှင့် ပုသိမ်မြို့နယ်၊ သလပ်ခွာကျေးရွာအခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (တတိယနေ့) သင်္ချာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အားကစားနှင့်ကာယပညာသိပ္ပံ (ပုသိမ်) သင်တန်းသားဆောင် အလျား(၁၃၆)ပေ၊ အနံ(၄၄)ပေရှိ (၁၀)ခန်းတွဲ RC (၃)ထပ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးမှာကြားခဲ့ကာ အားကစားနှင့်ကာယပညာသိပ္ပံ(ပုသိမ်)၏ (၁၂၀ ပေ × ၉၀ ပေ) မိုးလုံလေလုံအားကစားရုံကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ် (ပြန်/ဆက်)