ကျိုင်းတုံ မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေဦးစီးဌာနမှ စီစဉ်ဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် (အခမဲ့)အခြေခံပန်းချီသင်တန်းဆင်းပွဲကို ယမန်နေ့က အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပသည်။
သင်တန်းဆင်းပွဲတွင် ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငြိမ်းငြိမ်းသန့်က သင်တန်းဆင်း အမှာစကားပြောကြားပြီး သင်တန်းနည်းပြဆရာကြီးအား ဂါရဝလက်ဆောင်ပေးအပ်သည်။
ထို့နောက် သင်တန်းနည်းပြ ပန်းချီပညာရှင် ဦးမျိုးတင့်က သင်ကြားပေးခဲ့သည့် အခြေခံပန်းချီရေးဆွဲနည်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းသို့ ကျိုင်းတုံမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ် (၃၅)ဦး တက်ရောက်ပြီး မတ် (၅)ရက်မှ (၁၃)ရက်အထိ အခြေခံပန်းချီရေးဆွဲနည်းပညာရပ်များကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)