အောင်ပန်းမြို့၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကလော မတ် ၁၄

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတိုပူး‌ပေါင်း၍ နယ်စပ်‌ရေးရာဝန်ကြီးဌာန၊ ပညာ‌ရေးနှင့်‌လေ့ကျင့်‌ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်း (အောင်ပန်း)၌ မတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကလောမြိုနယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦး‌အောင်ကိုကိုက လူငယ်နှင့်ကိုယ်ကျင့်တရားခေါင်းစဉ်ဖြင့် အသိပညာ‌ပေးဟောပြောခဲ့ပြီး အားကစားပစ္စည်းများ‌ပေးအပ်ခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပြည့်ဖြိုးကြွယ်က လူငယ်ရေးရာနှင့်ပတ်သက်၍ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး သုတ/ရသစာအုပ်များ‌ ပေးအပ်လှူဒါန်းခဲ့သည်။

 ထိုနောက်ကလောမြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသည့် ကလေးအလုပ်သမားပပျောက်ရေး ဝိုင်းဝန်းကူညီစောင့်ရှောက်ပေး နံရံကပ်စာစောင်၊လူကုန်ကူးမှုဆိုင်ရာသိ‌ကောင်းစရာ နံရံကပ်စာစောင်များအားပြသခဲ့ရာ အောင်ပန်းမြို့ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ စက်မှုလက်မှုပညာသင်တန်း‌ကျောင်းမှ သင်တန်းသားများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်ဝင်း (ကလော)