သင်္ဃန်းကျွန်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင် Community Centre ခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအား ယမန်နေ့နံနက်ပိုင်းက အခြေခံပန်းချီရေးဆွဲနည်း (အခမဲ့)သင်တန်း ဖွင့်လှစ်သင်ကြားလျက်ရှိသည်။
ပန်းချီရေးဆွဲနည်းသင်တန်းတွင် သင်တန်းဆရာမ မေ(ရန်ကုန်)က နွေရာသီကျောင်းပိတ်ရက် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိရှိ အသုံးချတတ်စေရန်၊ အရောင်သုံးနည်း၊ အလင်းအမှောင်ညှိခြင်း ဖန်တီးနိုင်စွမ်း တိုးတက်စေရန်၊ စဉ်းစားတွေးခေါ်နိုင်စွမ်း မြှင့်တင်နိုင်ရန်၊ ပန်းချီရေးဆွဲနည်း အခြေခံဖြစ်သည့် မျဥ်းဖြောင့်၊ မျဥ်းကွေး၊ စက်ဝိုင်းနှင့် လေးထောင့်ပုံစံ၊ ပန်းချီဆွဲခဲတံကိုင်နည်း စသည်တို့အား နည်းစနစ်တကျ သင်ကြားပေးသည်။
သင်တန်းအား ကျောင်းသား၊ ကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၀၂၆ ခုနှစ် မတ်လ (၁၀) ရက်နေ့မှ (၁၆)ရက်နေ့ထိ နံနက် (၁၀)နာရီမှ (၁၂)နာရီထိ (၇)ရက်ကြာ သင်ကြားပို့ချသွားမည်ဟု သိရသည်။
ဇော်မိုး(သင်္ဃန်းကျွန်း)