ကျိုင်းတုံ မတ် ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ညွှန်ကြားရေးမှူးရုံးမှ ကြီးမှူးဖွင့်လှစ်သည့် အားခါစာပေနှင့် ယဉ်ကျေးမှုသင်တန်းဖွင့်ပွဲကို မတ် ၁၃ ရက်က ကျိုင်းတုံမြို့၊ အမှတ် (၁) ရပ်ကွက်၊ စွန်နောင်ခမ်းရပ်တွင် ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ကျိုင်းတုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုးဝေနှင့် အာခါတိုင်းရင်းသားအကြီးအကဲ ဦးမင်းညိုတို့က အမှာစကားပြောကြားပြီး သင်တန်းအတွက် သင်တန်းဆိုင်ရာပစ္စည်းများပေးအပ်သည်။ ထို့နောက် အာခါတိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဋ္ဌ ဦးသောင်းကျော်က သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ အာခါတိုင်ရင်းသား သင်တန်းသား ၇၀ ဦး တက်ရောက်ပြီး ရက်သတ္တပတ် ၄ ပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇင်မြင့် (ပြန်/ဆက်)