တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်လှစ်

တောင်ဥက္ကလာပ မတ် ၁၄

သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ကျောင်းသူများ ကိုယ်အမူအယာ၊နှုတ်အမူအယာ ယဉ်ကျေးလိမ္မာစေရန်၊ အသိပညာဗဟုသုတတိုးတက်ပွားများစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးပြုနိုင်စေရန်ရည်ရွယ်၍ အခြေခံယဉ်ကျေးလိမ္မာသင်တန်း အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ယမန်နေ့ နံနက်  ၉ နာရီခွဲ အချိန်ကစ၍  ဆက်လက်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ထိုသို့ သင်တန်းဖွင့်လှစ်ရာတွင် သင်တန်းဆရာမ ဒေါ်သိင်္ဂီဝင်းနှင့် ဒေါ်အေးအေးမြင့်တို့က သင်တန်းတွင် ယဉ်ကျေးမှုကျင့်ဝတ်ဘာသာရပ်၊ အိမ်ယဉ်ကျေးမှု၊ လမ်းယဉ်ကျေးမှု၊ ကျောင်းယဉ်ကျေးမှု၊ ယဉ်ကျေးလိမ္မာဆုံးမစာများ သင်ကြားပို့ချခဲ့ပါသည်။

ယဉ်ကျေးလိမ္မာအခြေခံသင်တန်းကို ဆက်လက်ဖွင့်လှစ်ဆောင်ရွက်ခဲ့ရာ သင်တန်းသို့ တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၄၀ ဦး လာရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ ၁၁ ရက်နေ့မှ ၂၀ ရက်နေ့အထိ နံနက် ၉ နာရီခွဲမှ ၁၁ နာရီအထိ သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)