မြောက်ဥက္ကလာမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးစစ်‌ဆေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်

မြောက်ဥက္ကလာပ မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ် အသိပညာပေးဆောင်ရွက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တာ၀န်ရှိသူများက ယမန်နေ့  နံနက် ၉ နာရီက ဈေး၀ယ်စင်တာ၊ ရုပ်ရှင်ရုံ၊ ဟိုတယ်၊ မိုတယ်များအား အသိပညာပေး စစ်ဆေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြောက်ဥက္ကလာပမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမိုးသူ၊   မြောက်ဥက္ကလာပမြို့နယ်မီးသတ်ဦးစီးမှူး ဦးစည်သူမျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှအဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာန၊ မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနမှ၊ မြို့နယ်ဗီဒီယိုအစည်းရုံး၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ရာအိမ်မှူးများပါ၀င်သော ပူးပေါင်းအဖွဲ့ကမြောက်ဥက္ကလာမြို့နယ်၊ ၁ရပ်ကွက်၊ သီတာလမ်းရှိ Golden Aye Yeik Mon Hostel၊ သုဓမ္မာလမ်းမကြီး၊ ဍရပ်ကွက်ရှိ ကန်သာယာပန်းခြံအတွင်းရှိ စိန်ဂေဟာရှော့ပင်းမော၊ သုဓမ္မာလမ်းမကြီး၊ ဃရပ်ကွက်ရှိ မင်္ဂလာအဆင့်မြင့်ရုပ်ရှင်ရုံနှင့် ဌရပ်ကွက်အား တအိမ်တက်ဆင်းစစ်ဆေးဆောင်ရွက်ခြင်အားမိမိတို့မြို့နယ်၊ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများ‌‌အနေဖြင့်  မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက်ထားရှိကြရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရန်ထားရှိအပ်သော ရှေးဦးမီးငြိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ်ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန်လိုအပ်ကြောင်း၊ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဦးစီးဌာနသို့ အမြန်ဆုံးသတင်းပို့ဆက်သွယ်ရမည့်ဖြစ်ကြောင်း ပြည်သူများအား မီးဘေးအသိပေးခြင်းများကို ဆက်လက် ကွင်းဆင်းဆောင်ရွက်လျက်ရှိ‌ကြောင်း သိရသည်။

သက်လွင်စိုး( ပြန်/ဆက်)