ရန်ကင်း မတ် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီအဆင့်မြင့်ပန်းချီရေးဆွဲနည်း(အခမဲ့)သင်တန်းကို ယမန်နေ့ နေ့လယ်(၁)နာရီ က ထပ်မံဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို နွေရာသီကျောင်းပိတ်ရက် ကလေးသူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အားလပ်ရက်ကာလအတွင်းအချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် ဉာဏ်ရည်ဖွံဖြိုးတိုးတက်မှုရှိစေရန်ရည်ရွယ်၍ သင်တန်းကာလကို မတ်လ(၁၃)ရက်နေ့မှ (၂၃)ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် သင်ကြားပို့ချပေးမည်ဖြစ်ပြီး ယနေ့စတင်ဖွင့်လှစ်သည့်ရက် တက်ရောက်ကြသော သင်တန်းသား/သင်တန်းသူဦးရေ(၅၀)ဦးထိရှိပြီး ပျော်ပျော်ရွှင်ရွှင် စိတ်ပါ၀င်စားစွာ သင်ယူကြကြောင်း သတင်းရရှိသည်။
ရဲလေး(ပြန်ဆက်)