အလုံမြို့နယ်လူမှုဖူလုံရေးရုံး၌ အလုပ်တွင်ထိခိုက်မှုကြောင့် သေဆုံးမှုအတွက် ကျန်ရစ်သူအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေး

အလုံ မတ် ၁၄

အလုံမြို့နယ်တွင် လုပ်သမားဝန်ကြီးဌာနလူမှုဖူလုံရေးအဖွဲ့က ၂၀၁၂ခုနှစ် လူမှုဖူလုံရေးဥပဒေနှင့်အညီ ကျန်ရစ်သူငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလူမှုဖူလုံရေးရုံး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ထိုသို့ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးတာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးသိန်းနွဲ့ဦးက အလုံမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော Shwe Taung Development Co.,Itd မှ အာမခံအလုပ်သမား ဦးသန်းဇော်၏ လုပ်ငန်းခွင်အတွင်း မတော်တဆထိခိုက်ခဲ့မှုကြောင့် သေဆုံးခြင်းအတွက် ကျန်ရစ်သူ ငွေလုံးငွေရင်းအကျိုးခံစားခွင့်ငွေကျပ် ၁၅,၀၀၀,၀၀၀/- ကို သေဆုံးသူ၏ အစ်ကိုဖြစ်သူ ဦးကျော်ကျော်ထံသို့ ရုံးခွဲတာဝန်ခံ၊ နယ်မြေတာဝန်ခံနှင့် တာဝန်ရှိသူများ၏ရှေ့တွင် လက်ဝယ်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယောဧရာ(မြို့နယ်ပြန်/ဆက်)