သာကေတမြို့နယ် စာစစ်ဌာနများတွင် ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုအား မြန်မာနိုင်ငံစာစစ် ဦးစီးဌာနတာဝန်ရှိသူများ လှည့်လည်ကြည့်ရှု

သာကေတ မတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စတင်းကျင်းပလျက်ရှိရာ ယမန်နေ့က မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ် ဦးမိုးမြင့်ကျော်နှင့် တာဝန်ရှိသူများ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ဒုတိညွှန်ကြားရေးမှူးချုပ် ဦးမိုးမြင့်ကျော်၊ ညွှန်ကြားရေးမှူး ဒေါက်တာသိန်းဇံ၊ အကြံပေးဦးအောင်ချိုသန်းတို့သည် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် သာကေတမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုတွင် ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုနေမှုအား လှည့်လည်ကြည့်ရှုခဲ့ရာ ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်လွင်၊ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး ကြီးလှဘုန်းကျော်၊ ဗိုလ်တထောင်ခရိုင် ပညာရေးမှူး ဒေါက်တာခင်သူဇာစိန်၊ သာကေတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦး‌ကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဒေါ်နန်းနုနုကြည်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခိုင်ခိုင်ဝင်းတို့မှ ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲဖြေဆိုနေမှုအား လိုက်လံပြသခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြသည်။

သာကေတမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအား ဖြေဆိုရန်စာရင်းပေးထားသူ ကျောင်းသား (၇၇၀)ဦးနှင့် ကျောင်းသူ (၁၀၀၅)ဦး ရှိပြီး အ-ထ-က(၁) စာစစ်ဌာန၊ အ-ထ-က(၂) စာစစ်ဌာနနှင့် အ-ထ-က(၃) စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန (၃)ခုရှိကြောင်း သိရှိရသည်။

ကျော်ကျော်(ပြန်/ဆက်)