၂၀၂၆ ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်

တောင်ကြီး မတ် ၁၄

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့်ကျင်းပပြုလုပ်သည့် ၂၀၂၆ခုနှစ်၊ ဒုတိယအကြိမ် ကမ္ဘောဇဖလားအလွတ်တန်းဖိတ်ခေါ် အမျိုးသားဘောလုံးပြိုင်ပွဲ ဆက်လက်ကျင်းပလျက်ရှိရာ ၂၀၂၆ ခုနှစ် မတ်လ ၁၃ ရက်နေ့ပွဲစဉ်အဖြစ် MYO MA FC အသင်းနှင့်  JUNIOR CITY အသင်းတို့က ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှတာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှအုပ်ချုပ်သူ/နည်းပြများ၊ ဒေသခံပြည်သူများ၊ အားကစားဝါသနာရှင်များက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် ယမန်နေ့ ညနေ ၃ နာရီက ကြည့်ရှုအားပေးခဲ့ကြသည်။

ထိုသို့ ယှဉ်ပြိုင်ကစားခဲ့ရာတွင် MYO MA FC အသင်းနှင့် JUNIOR CITY အသင်းကို (၆)ဂိုး (၄)ဂိုးဖြင့် MYO MA FC အသင်းက အနိုင်ရရှိပြီး အကောင်းဆုံး အားကစားသမားဆုကို အားကစားနှင့်ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးက MYO MA FC အသင်း ကျောနံပါတ် (၇၇)သိန်း ရန်နိုင်အား ငွေသားဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)