ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေး

ရန်ကုန် မတ် ၁၄

မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲကို မတ်လ ၁၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်း၌ ကျင်းပသည်။

ထိုသို့ မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းတို့၏ ခြေစမ်းပွဲယှဉ်ပြိုင်နေမှုများကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ အာရှဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ၊ ဘောလုံးပရိတ်သတ်များက ကြည့်ရှုအားပေးကြသည်။

အဆိုပါ မြန်မာ့လက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းနှင့် အိန္ဒိယလက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းတို့သည် ပွဲပြီးဆုံးချိန်တွင် အိန္ဒိယလက်ရွေးစင် ယူ-၁၇ အမျိုးသမီးအသင်းက နှစ်ဂိုးဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)