ရန်ကုန်မြို့တော်အသံလွှင့်ဌာန (၂၄)နှစ်မြောက်နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၁၄

ရန်ကုန်မြို့တော်အသံလွှင့်ဌာန (၂၄)နှစ်မြောက်နှစ်ပတ်လည် ဂုဏ်ပြုညစာစားပွဲအခမ်းအနားကို မတ်လ ၁၂ ရက်ညပိုင်းက ရန်ကုန်မြို့၊ မြန်မာကွန်ဗင်းရှင်းစင်တာ (MCC) ခန်းမတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်မှူးချုပ် တင်မင်းလတ်နှင့် ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီးများ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်မြို့တော်အသံလွှင့်ဌာန နှစ်ပတ်လည်အထိမ်းအမှတ်ဗီဒီယိုအား ပြသသည်။ ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးအောင်နိုင်က ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးဗိုလ်ဌေးက ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းအား အမှတ်တရလက်ဆောင်ပေးအပ်သည်။ ၎င်းနောက် တက်ရောက်လာကြသူများကို ဂုဏ်ပြုညစာဖြင့် တည့်ခင်းဧည့်ခံခဲ့ပြီး တေးသံရှင်သန်းမြတ်စိုး၊ အက်စကဲနက်၊ ဟေမာနေဝင်း၊ ဖိုးသောကြာ၊ ဝိုင်းလမင်းမောင်၊ မေသက်ထားဆွေနှင့် မေသူခိုင်တို့က တေးသီးချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)