ကျောက်မဲ မတ် ၁၃
ကျောက်မဲခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ကြီးမှူးမှုဖြင့် ဖွင့်လှစ်သင်ကြားခဲ့သည့် နွေရာသီအားကစားသင်တန်းဆင်းပွဲကို မတ် ၁၀ ရက်တွင် ကျင်းပခဲ့သည်။ သင်တန်းသား/သူ ၁၀၀ ကျော်တက်ရောက်ခဲ့ပြီး ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ အေရိုးဗစ် (Aerobic) နှင့် Fitness Dance သင်တန်းများကို သင်ကြားခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းမှ သင်တန်းဆင်းအမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက သင်တန်းနည်းပြဆရာ/ဆရာမများအား ဂုဏ်ပြုဆုများ၊ သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ၊ တက်ရောက်မှုထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့သည်။ ယင်းနောက်သင်တန်းသားများမှ အခြေခံအေရိုးဗစ် သရုပ်ပြပွဲကို လည်း ပြသခဲ့ကြသည်။
သင်တန်းရည်ရွယ်ချက်မှာ ကျောင်းသား/သူများအချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန်၊ ခန္ဓာကိုယ်ဖွံ့ဖြိုးပြီး ကျန်းမာကြံ့ခိုင်သူများ ဖြစ်လာစေရန်ဖြစ်ပြီး၊ သင်တန်းပြီးနောက် တောင်ကြီး အားကစားနှင့်ကာယပညာသိပ္ပံကျောင်း တက်ရောက်လိုသူများကို ဆက်လက်လေ့ကျင့်သင်ကြား သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)