ပုဗ္ဗသီရိမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ''လောကဓံနှင့် ဘောလုံးကစားခြင်း''  စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ

ပုဗ္ဗသီရိ မတ် ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တခရိုင်၊ ပုဗ္ဗသီရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်း၍  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာရေးဆရာ ထက်ကျော် ရေးသားသည့် "လောကဓံနှင့် ဘောလုံးကစားခြင်း" စာအုပ်ဖြင့် ယနေ့နံနက် ၉နာရီခွဲအချိန်က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဉီးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က အများပြည်သူများ စာဖတ်ရှိန်မြှင့်တင်ရေး၊ အသိပညာဗဟုသုတကြွယ်ဝတိုးတက်စေရေး ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း လောကဓံနှင့် ဘောလုံးကစားခြင်းစာအုပ်သည် နယ်ပယ်ကဏ္ဍအသီးသီးတွင် ခေါင်းဆောင်အကြီးအကဲ တာဝန်ယူထားကြသူများ၊ အနာဂတ်တွင် အောင်မြင်ကြီးပွားတိုးတက်လိုသည့် လူငယ်များ စာပေဖတ်ရှုသင့်သည့် စာအုပ်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Cub)အဖွဲ့ ဥက္ကဌနှင့်အဖွဲ့ဝင်များက ခွေးဖြစ်ချင်သလား ကျားဖြစ်ချင်သလား၊ အောင်မြင်သူနှင့်တန်ဖိုးရှိသူ၊ တစ်ခါလိမ်ဖူးရင်ဆက်လိမ်ရတော့မယ်၊ မျက်လုံးနှစ်လုံးရှိပေမဲ့ မျက်လုံးအများနဲ့ကြည့်၊ လောကဓံနှင့် ဘောလုံးကစားခြင်း၊ မာန်ကိုအခြေခံ မာန်ကိုတည်ဆောက်ပါနှင့် စာနာစိတ်စသည့် အကြောင်းအချက်အလက်များအား အကျယ်တဝင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မိုးလရောင်(ပြန်/ဆက်)