မိုးကောင်း မတ် ၁၂
နိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၁)ရက်တွင် စတင်ဖြေဆိုပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း ယမန်နေ့ နံနက်(၉)နာရီတွင် မြန်မာစာဘာသာရပ် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့နယ်တွင် အ.ထ.က(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အ.ထ.က-ပင်းဘော စာစစ်ဌာနတို့ဖြင့် စာရင်းရှိ ကျောင်းသား (၄၃၁) ဦး၊ ကျောင်းသူ (၇၇၁) ဦး စုစုပေါင်း (၁၂၀၂) ဦးအနက် ဖြေဆိုသူ ကျောင်းသား (၃၉၆) ဦး၊ ကျောင်းသူ (၇၄၇) ဦး စုစုပေါင်း (၁၁၄၃) ဦး ဝင်ရောက်ဖြေဆိုရာတွင် ကျောင်းတွင်းဖြေဆိုသူ (၉၄၅) ဦး၊ အပြင်ဖြေဆိုသူ (၁၉၈) ဦးဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၅ ဒဿမ ၀၉ ရှိကြောင်း သိရသည်။
အဆိုပါစာမေးပွဲအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြီးကြပ်ဆရာ၊ ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။
သန်းလွင်ဦး