တနိုင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ G-12 ကျောင်းသား/ ကျောင်းသူများ မြန်မာစာဘာသာရပ် စတင်ဖြေဆို

တနိုင်း မတ်လ ၁၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် Grade- 12 ကျောင်းသား/ ကျောင်းသူများ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ် ၁၁ ရက်နေ့နံနက် ၉ နာရီက အ.ထ.က-၁ တနိုင်း စာစစ်ဌာနနှင့် အ.ထ.က-ရှင်ဗွေယန် စာစစ်ဌာန၌ မြန်မာစာဘာသာရပ် စတင်ဖြေဆိုကြောင်းသိရသည်။

တနိုင်းခရိုင်၊ တနိုင်းမြို့နယ် တက္ကသိုလ်ဝင်တန်းစာ​မေးပွဲဖြေဆိုရာတွင် အ.ထ.က - ၁ တနိုင်း စာစစ်ဌာန၌ စာရင်းရှိ ကျောင်းသား/သူ ဦးရေ ၄၉၈ ဦး၊ ဖြေဆိုသူ ဦးရေ ၄၆၀ ဦး၊ ပျက်ကွက်သူဦးရေ ၃၈ ဦးနှင့် အထက-ရှင်ဗွေယန် စာစစ်ဌာန၌ စာရင်းရှိ ၁၅၂ ဦး၊ ဖြေဆိုသူဦးရေ ၁၄၇ ဦး၊ ပျက်ကွက်သူဦးရေ ၅ ဦး၊ စာစစ်ဌာန ၂ ခု၌ ပျက်ကွက်သူဦး​ရေ စုစုပေါင်း ၄၃ ဦး ရှိ​ပြီး ဖြေဆိုသူစုစုပေါင်း ၆၀၇ ဦး ဖြေဆိုကြောင်းသိရသည်။

အဆိုပါ ကျောင်းသား/ ကျောင်းသူများ စာမေးပွဲဖြေဆိုရာ၌ စိတ်ချမ်းမြေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ် ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ မြို့နယ်ရဲမှုးမြသောင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်​ရေးမှူးများ၊ ရာအိမ်မှူးများ၊ ပြည်သူ့လုံ​ခြုံရေးနှင့်အကြမ်းဖက်နှိမ်နှင်းရေးအဖွဲ့များနှင့် မြို့မပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး  လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)