ဥတ္တရသီရိ မတ် ၁၂
ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ပန်းချီအနုပညာကို စိတ်ကူးစိတ်သန်းကောင်းကောင်းဖြင့် ရေးဆွဲနိုင်စေရန် ရည်ရွယ်၍ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်၌ ဖွင့်လှစ်ခဲ့သည်။
ဦးစွာ ဇေယျာသီရိခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောနိုင်က အဖွင့်အမှာစကားပြောကြားပြီး နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါ အခြေခံပန်းချီရေးဆွဲနည်းသင်တန်းတွင် ကျောင်းသား၊ ကျောင်းသူ(၂၃)ဦးအား အခြေခံကျသည့် မျဉ်းကြောင်းရေးဆွဲနည်း၊ အလင်းအမှောင်၊ ပန်းချီပညာအယူအဆနှင့် ပန်းချီပညာ၏ အခြေခံစည်းမျဉ်းစည်းကမ်းများကို သင်တန်းနည်းပြဆရာမ ဒေါ်ချယ်ရီအောင်သန်းက မတ်လ ၁၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မျိုးဝင်း(ပြန်/ဆက်)