မြင်းခြံ မတ် ၁၂
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြင်းခြံမြို့နယ်တွင် အထက-၁(မြင်းခြံ) စာစစ်ဌာနတွင် ၂၀၂၆ ခုနှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အင်္ဂလိပ်စာဘာသာဖြေဆိုရန် စာရင်းရှိ ကျောင်းသား ၁၉၈ ဦးနှင့် ကျောင်းသူ ၃၂၃ ဦး စုစုပေါင်း ၅၂၁ ဦး၊ ဖြေဆိုသူ ကျောင်းသား ၁၈၃ ဦးနှင့် ကျောင်းသူ ၃၁၂ ဦး စုစုပေါင်း ၄၉၅ ဦး ဖြေဆိုကာ ဖြေဆိုရန် ပျက်ကွက်သည့် ကျောင်းသား ၁၅ ဦး၊ ကျောင်းသူ ၁၁ ဦး စုစုပေါင်း ၂၆ ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)